ဘုရားရှင် လက်ရာ

Composers – Zo Boi & Ivan Heyy

Vocalists – Zo Boi, Ivan Heyy, Ro

Music – Zomi(Aami), Robert & Maangpi

Mixed & Mastered – Mang Te

Studio – RVA Hakha

Producer – Caritas Hakha

ကမ္ဘာမြေတစ်ခုလုံးဟာ ဘုရားရဲ့လက်တော်နဲ့

ဖန်ဆင်းထားတဲ့ ပန်းချီကားတစ်ချပ်

ဘုန်းတန်ခိုးနဲ့ သူအုပ်စိုးတာ

လူသားများ အားလုံးအတွက်ပါ

ရေ မြေ တောင်တန်းတို့ ပင်လယ် သမုဒ္ဒရာတွေလည်း

ဘုရားရဲ့လက်ရာတွေပဲလေ ဘုန်းတန်ခိုးနဲ့ သူဖန်ဆင်းတာ

လူသားများ အားလုံးအတွက်ပါ

ဘုရား လက်ရာတော်အတိုင်းပဲ ကမ္ဘာကြီး အမြဲ ကျန်းမာဖို့

တို့များ ထိန်းသိမ်းစို့ တို့များ စောင့်ရှောက်စို့(ဒါတို့ရဲ့အိမ်/ဒါငါတို့ရဲ့တာဝန်)

ဘဝများ လှပဖို့ ငါတို့ စောင့်ရှောက်ကြမယ်လေ ဒါတို့ရဲ့ ဘုံအိမ်

ကျေးငှက်တေးသံတွေနဲ့ တောတွင်းတိရစာန်များလည်း

ဘုရားရဲ့ လက်ရာတွေပဲ ဘုန်းတန်ခိုးနဲ့ ဖန်ဆင်းတာ

လူသားများ စောင့်ရှောက်ဖို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *