သက်တောင့် သက်သာ နေဖို့
ဘယ်တော့မှ မစဉ်းစားမိပါစေနဲ့…
ဆန်အပြည့်ရှိနေတဲ့ အိုးထဲကို
ရောက်နေတဲ့ ကြွက်ဟာ
ဘဝရဲ့စည်းစိမ်ချမ်းသာတွေ အကုန်လုံးကို
ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး
စားလိုက်သောက်လိုက်နဲ့
comfort zone ထဲမှာ ပျော်နေခဲ့တယ်လေ…
အိုးထဲကဆန်တွေအားလုံး
ကုန်သွားတဲ့အခါမှာတော့ ကြွက်ဟာအိုးထဲက
ထွက်နိုင်မယ့်နည်းလမ်းကို ရှာလို့မရတော့သလို
စားစရာလည်းမရှိတော့ပါဘူး..
အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊
အင်အားတွေရှိတုန်းမှာ မရုန်းကန်ခဲ့ရင်၊
စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင် ၊
သက်တောင့်သက်သာရှိတဲ့အခြေအနေထဲမှာ ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့
တစ်နေ့မှာ comfort zone လို့ခေါ်တဲ့
ထောင်ချောက်ထဲမှာ နောင်တပေါင်းများစွာနဲ့
ကျန်ရစ်နေခဲ့ရလိမ့်မယ်နော်…..